ဒိုက်ဦးမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်စာမေးပွဲ ဖြေဆို

ဒိုက်ဦး ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် စာမေးပွဲကို ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီက ကျင်းပရာ ဒိုက်ဦးမြို့နယ် အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် ဖောင်တော်သီ အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန (၃) ခုတွင် ပထဝီဝင်ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ အတွင်းဖြေ (၃၈) ဦး၊ အလွတ်ဖြေ (၁၃) ဦး စုစု​ပေါင်း ကျောင်းသား/ကျောင်းသူ (၅၁) ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုမှာ ၈၆.၄၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများသို့ ဒိုက်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်နောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက် စစ်ဆေးပြီးလိုအပ်သည်များမှာ ကြားခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)