ကသာ ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(သမိုင်းဘာသာရပ်)ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ ဆက်လက်ဖြေဆိုခဲ့သည်။
ကသာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိပြီး သမိုင်းဘာသာရပ်ကို ကျောင်း သား၊ကျောင်းသူ(၁၈၄)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယနေ့တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်ပြီဖြစ်၍ ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်း အတွင်းအပြင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်ဝင်း နှင့် အဖွဲ့ဝင်များက လှည့်လည်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)