ဒဂုံအရှေ့ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး (Talk Show) ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွှဲပိုင်း (၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပွဲကျင်းပရခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးတင်ဆန်းက လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန် ပြည်သူများမှ လိုက်နာရမည်အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ပြီးနောက် လျှပ်စစ်မီးကို ပြည်သူတွေ ခြိုးခြံချွေတာစွာ သုံးစွဲ့သင့်သည့် အကြောင်းအရာများအပြင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာစွာသုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)