ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲနှင့် ဖတ်၊ မှတ်၊ ပြန်ပြော အစီအစဉ်ဆောင်ရွက်

တံတား စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲနှင့် ဖတ်၊ မှတ်၊ ပြန်ပြောအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တံတားပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးလွင်က စာကြည့်တိုက်သို့ စာလာဖတ်ကြသည့် ကလေးများအား  ကိုဗစ်-၁၉ ရောဂါ အကြောင်းနှင့် ကူးစက်ပျံ့နှံ့နေမှုအခြေအနေများ၊ ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများကို ဟောပြောခဲ့ပြီးနောက် ကိုဗစ်-၁၉ ကာလ အတွင်း ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အမှား အမှန် ဝေဖန်ပိုင်းခြားတတ်ပြီး လူအများကြားတွင် ရဲဝံ့စွာ ဖြင့် အပြန်အလှန်ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ဖတ်၊ မှတ်၊ ပြန်ပြော အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် ကလေးငယ်(၁၇)ဦး တက်ရောက်ကြပြီး ကလေးငယ်များက မိမိတို့ဖတ်ထားသည့် ပုံပြင်များ ကို ပြန်လည် ပြောပြကာ ပုံပြင်ထဲမှ ရရှိသည့် ဗဟုသုတများကို အမြင်အမျိုးမျိုးဖြင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြ ကြောင်းနှင့် ၎င်းအစီအစဉ်ကို လစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)