အင်းတော် မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၁၂) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိကြောင်းသိရသည်။
အင်းတော်မြို့နယ်အတွင်း လူမှုရေးပင်စင်ခံစားနေသည့် အသက် (၈၅)နှစ် အထက် အဘိုးအဘွား ( ၅၁၂) ဦးရှိပြီး တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ် နှုန်းဖြင့် စုစုပေါင်း (၁၅၃၆၀၀၀၀/-) ကျပ်အား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျစာရေးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်လျက်ရှိကြောင်း သိရသည်။
ကြူကြူ