ရန်ကင်းမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့တွင် စတုဒိသာကျွေးမွေးခြင်း၊ သီဆိုဖျော်ဖြေခြင်းနှင့် ရေကစား

ရန်ကင်း ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် အကျနေ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ  စတုဒိသာကျွေးမွေးခြင်း၊ သီဆိုဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများဖြင့် ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ ပြည်သူများက ပျော်ရွှင်စွာဖြင့် အတာရေများ ဖျန်းပက်ကာ ရေကစားလျက်ရှိကြောင်း သိရသည်။

ထို့နောက်   ရန်ကင်းပိတောက်ရေစားမဏ္ဍပ်မှ အကြတ်နေ့နှင့် အတက်နေ့ရက်များတွင်လည်း ယိမ်းအကအလှများဖြင့် ကပြဖျော် ဖြေခြင်း၊ ရေပက်ကစားခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အိရွှေစင် (ပြန် / ဆက်)