ကောလင်း မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့် အောင်သီရိစံကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နတ်ရေတွင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု(၁/၀မိုင်)နှင့် ဥက္ကံကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု (၀/၇) ဆောင်ရွက်နေမှု အခြေအနေ များကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နတ်ရေတွင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း(၁/၀မိုင်) ကျောက်ရော မြေနီလမ်းခင်းခြင်း (၂ ပေ၊ ၉ လက်မ)၊ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဥက္ကံကျေးရွာ ကျေးလက်ကုန်ထုတ် လမ်း(၀/၇မိုင်)ကျောက်ရောမြေနီ လမ်းခင်းခြင်း (၂ပေ၊ ၉လက်မ) နှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)