တိုက်ကြီး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင် ရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုက်ကြီးမြို့မဈေး အတွင်း၊ အပြင်နှင့် ပျံကျဈေးတို့တွင် ဈေးရောင်းချ နေသူများနှင့် ဈေးလာရောက်ဝယ်ယူသူ များအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင် သာယာရေး အဖွဲ့ ဈေးတာဝန်ခံ ဒုဦးစီးမှူး ဒေါ်ချယ်ရီလွင်၊ ဒုဦးစီးမှူး ဦးမင်းဇော်ထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဈေး လုံခြုံရေး သမားများနှင့်အတူ ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး ပါးစပ်/နှာခေါင်းစည်း Mask များ ၊ လက်အိတ်များ တပ်ဆင်ရောင်း ချစေရေး ဈေးလာရောက်ဝယ်ယူသူများအား ပါးစပ်/နှာခေါင်းစည်း Mask များ ၊ လက်အိတ်များတပ်ဆင်၍ ဝယ်ယူကြပါရန် အသိပညာပေးခြင်းနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)