ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ P.P.E နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်း

ရေတာရှည်   မတ် ၁၆

Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် P.P.E နှင့် လက်သန့်စင်ဆေးရည်၊  နှာခေါင်းစည်းများပေးအပ်လှူဒါန်းပွဲကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရေတာရှည်မြို့နယ်၊ မြို့နယ်ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော် က ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော P.P.E ဝတ်စုံများနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူလှူဒါန်းရခြင်း နှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နန္ဒာညီဆွေ ကကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများပြန်လည် ပေးအပ်ခဲ့သည်။

ဆု(ပြန်/ဆက်)