ဖာပွန် ဧပြီ ၁၈
ကရင်ပြည်နယ် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဖာပွန်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်အောင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသော "အောင်မြင်ဖို့အချိန်" စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာ သည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့များမှ ဥယျာဉ်မှူးကောင်းသည် မိမိဥယျာဉ်မြေကွက်ပေါ်တွင် ပေါင်းမြက်ကင်းစင်အောင် သုတ်သင်ရှင်းလင်းကာ မိမိလိုရာ သစ်ပင်ပန်း မာန်များကို စိုက်ပျိုးပြုစုသကဲ့သို့ မိမိစိတ်၏ ဥယျာဉ်၌ သန့်စင်သော စိတ်အပင်များသာ စည်ကား ဝေဆာချင်သောသူလည်း စိတ်ဥယျာဉ်အတွင်း အသုံးမဝင် အကျိုးမရှိသော အတွေးပေါင်းမြက်များ ခိုကပ်မနေအောင် မပြတ်သုတ်သင်ရှင်းလင်းမှု ပြုရပေမည်။ လူတွေဟာ တာဝန်သိမှု၊ တာဝန်ယူမှုနဲ့ မေတ္တာတရား၊ ဖြူစင်ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား၊ မိမိစွမ်းသမျှ၊ နိုင်သမျှ ပါဝင်ထမ်းရွက်ရမည်ဟု ခံယူချက်မျိုး ထားသင့်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)