ပြည် ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်း ဆိပ်ခံဘောတံတား၌ ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပခဲ့သည်။
ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရာတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များက ငါးမျိုးစုံ ကောင်ရေ တစ်သိန်းကို ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါန ကုသိုလ်ပြုဘေးမဲ့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)