ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ ဘေးတစ်လျှောက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးရေစင်များ တပ်ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်မှုရှိသည့်အတွက် လူတိုင်းတစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်ဆေးစင်များကို အများပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်အောင် ဆောင်ရွက် ထားရှိခြင်းဖြစ်ကြောင်း၊ ယခုရန်ကုန်မြို့တော်ခန်းမ တစ်လျှောက်တွင် လက်ဆေးရေစင် (၂၈) ခု ဆောင်ရွက်ထားပြီးနောက်ပိုင်းတွင် ကားမှတ်တိုင်များ၊ စျေးများတွင်လည်း တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)