ကျိုက်ဒုံ ဧပြီ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဒေသတွင်နေထိုင်သည့် ပြည်သူများအားအသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် ကိုဗစ်-၁၉ နှင့် Omicron ၏ ထူးခြားသောအချက် သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၁ နာရီက ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ နှင့် Omicron ၏ ထူးခြားသောအချက် သိကောင်းစရာများမှာ အခြားမျိုးစိတ်နဲ့မတူဘဲ ကူးစက်နှုန်း မြန်လွန်းခြင်း၊ ကိုဗစ် ကူးစက်ခံရဖူးသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်း လျှော့ချနိုင်ခြင်း၊ ကလေးတွေနဲ့ အသက် ၃၀ အောက် လူငယ်များတွင်ပိုမိုကူးစက်နိုင်ခြင်း၊ ရောဂါလက္ခဏာ မပြင်းထန်ခြင်း၊ ကာကွယ်ရမည့်နည်းလမ်းများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)