စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

စေတုတ္တရာ  မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌  ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဖိုးကျော်မင်းက အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းအကြောင်းများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျေးရွာမှ ဒေသခံမွေးမြူရေးတောင်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။

ပေါက်ပေါက်(ပြန်/ဆက်)