ဒေါပုံ စက်တင်ဘာလ ၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက် အစီ အစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့ ပေးမည့်စာရင်းများ ကောက်ယူခြင်းကို ဩဂုတ်(၁၁)ရက်မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိကောက်ယူ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာရင်းကောက်ယူခြင်းတွင် ဒေါပုံမြို့နယ် ပုသိမ်မြေရပ်ကွက်နှင့် နွယ်အေးရပ်ကွက်များရှိ ဒေသန္တရ ကျန်းမာရေးဌာန များတွင် ဆောင်ရွက်ပေးလျှက်ရှိပြီး ကိုယ်ဝန် ဆောင်မိခင်များ မကျန်ရှိစေရေး ရပ်ကွက်တာဝန်ခံများမှ တစ်ဆင့် နှိုးဆော် ကြောင်း နှင့်ထောက်ပံ့ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား လွယ်ကူလျင်မြန်စွာငွေထုတ်နိုင်ရေးအတွက် Wave Money ငွေလွှဲစနစ်၊ ဧရာဝတီဘဏ်အကောင့် နှင့် ကမ္ဘောဇဘဏ်အကောင့် များမှတစ်ဆင့် ငွေသားထုတ် ယူနိုင်ကြောင်းနှင့် ငွေဗိုက် Applicationကိုသွင်း၍ လုပ်ငန်း ဆောင်ရွက်မှုစနစ်များကို လည်းဆောင်ရွက်ပေးကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနသိရသည်။
သဲစုစုလွင်(ပြန်/ဆက်)