ပဲခူး စက်တင်ဘာ ၂
ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၉ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ COVID-19 ဒုတိယလှိုင်း ကာကွယ်နိုင် ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးရာတွင် ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ခရိုင်ရုံး ဝန်ထမ်းများ၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦးနှင့် မြို့နယ်ရုံး ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များက လမ်းမပေါ်တွင်သွားလာနေကြသည့် ပြည်သူများအား COVID-19 ဒုတိယလှိုင်းဖြစ်ပွား ကူးစက်ခြင်းမှ ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့် ဒေသန္တရအမိန့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ပြီး နှာခေါင်းစည်းအခုရေ (၁၀၀၀၀)ခု အား အခမဲ့ဝေငှပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)