ဒဂုံမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်

ဒဂုံ  မတ် ၁၅

ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်သည့်  ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက်  နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန်၊  လက်သန့်ဆေးရည် အသုံးပြုကြရန်နှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေး ဆေးပေးခန်းသို့ အမြန်ဆုံးသွားရောက်ကြရန် အသိပညာပေး ရှင်းလင်းသည်။

ထို့နောက် ပြည်သူများအား အရာဝတ္ထုပစ္စည်းများ ကိုယ်တွယ်ပြီးပါက စနစ်တကျ လက်သန့်ဆေးရည် အသုံးပြု၍ သန့်စင်ဆေးကြောနည်းများကို ကျန်းမာရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြ ပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)