လက်ပံတန်း မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက လက်ပံတန်း မြို့မဈေးတွင် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် စားသုံးသူအခွင့်အရေး(၈)ချက်၊ စာသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူ၏တာဝန်များ၊ စားသုံးသူများ ဘယ်လို အခြေအနေတွေကို တိုင်ကြားနိုင်တာလဲ၊ ဘယ်သူတွေ တိုင်ကြားနိုင်သလဲ၊ တိုင်းကြားလို့ရတဲ့ ဖုန်းနံပါတ်များ၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ်အရ အရေးယူခြင်း၊ စီးပွားရေး လုပ်ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်မှ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း စသည့်အချက်များ ပါဝင်သည်။
မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို သာယာဝတီခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး