ဂန့်ဂေါ မတ် ၁၅
လူမှုဝန်ထမ်းဦးစီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနက ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် မြို့နယ်အတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အန်းတားကျေးရွာ၌ မတ် ၁၂ ရက်နေ့နှင့် မတ် ၁၄ ရက်နေ့တို့တွင် စုစုပေါင်း လူနေအိမ်ခြေ ၂၅ လုံးကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင် မတ် ၁၁ ရက်က လက်ဝဲကုန်းရွာတွင် ၂၅ လုံး၊ မတ် ၁၃ ရက်က လုံခြုံကျေးရွာတွင် ၂၅ လုံး၊ မတ်လအတွင်း လူနေအိမ်ခြေ ၇၅ လုံးတို့ကို စိစစ်ဆောင်ရွက်ပြီး ဖြစ်သည့် အပြင် ယခုနှစ်၌ အိမ်ခြေပေါင်း ၂၀၀ ကို စိစစ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)