လက်ပံတန်းမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၈၁၂၉စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

လက်ပံတန်း  စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၈၁၂၉ စုအတွက် ထောက်ပံ့ ငွေ ကျပ်သိန်း (၅၆၂၅၈၀၀၀၀) ကို စတုတ္ထအကြိမ် အဖြစ်ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး၌ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများထံ လွှဲပြောင်းပေး အပ်ခဲ့ပြီးရပ်ကွက်ကျေးရွာ အုပ်စုများမှပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ဆန်၊ဆီ၊ ဆား၊ကြက်သွန် နီနှင့်ပဲ စသည့် အခြေခံ စားသောက်ကုန် (၅)မျိုးကို လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်ကျေး ရွာအုပ်စု(၅၃)အုပ်စုမှ အိမ်ထောင်စုပေါင်း  (၁၆၀၃၉)စု၊ ဒုတိယ အကြိမ်တွင် နောက်တိုး အခြေခံအိမ် ထောင်စု(၁၂၀၉၀)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့် ထောက်ပံပေးနိုင်ခဲ့ပြီး တတိယ အကြိမ် တွင်  အခြေခံအိမ်ထောင် စု(၂၈၁၂၉) စုအတွက် အိမ်ထောင် စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ် နှုန်းဖြင့် ထောက်ပံ့ပေး နိုင်ခဲ့သည်။

ယခုအခါ စတုတ္ထ အကြိမ်အဖြစ် ရပ်ကွက် ကျေးရွာအုပ်စု (၅၃)အုပ်စုမှ အခြေခံအိမ်ထောင်စု (၂၈၁၂၉) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့်  ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဖြန့်ဝေထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး