တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန ၀န်ထမ်းများ မြေပုံလေ့ကျင့်ခန်း (map fighting) လေ့ကျင့် ဆောင်ရွက်

တောင်တွင်းကြီး   မတ် ၁၉

ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေပုံလေ့ကျင့်ခန်း (map fighting) လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်က တောင်တွင်းကြီး မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်စဉ်တည်နေရာသို့ မီးသတ်ရေယာဉ် သွားရောက်ရမည့်လမ်းကြောင်း၊ ရေသယ်ယူရနိုင်မည့် လမ်းကြောင်းများအား မြေပုံမှတစ်ဆင့် မြေပြင်ကို မျက်‌စိထဲစွဲနေစေရေး အရာရှိငယ်များအား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးထံမှ သိရှိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)