ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြိုင် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က  ကျောက်ဆောက်ကျေးရွာ တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊  သံသယဖြစ်ဖွယ် လက္ခဏာများ ကာကွယ်နိုင် သည့် နည်းလမ်းများ အကြောင်းနှင့် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန် နည်းလမ်းများတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသားများ၊ စက်ယက်ကန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID – 19) အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သူရ(ပုံတောင်)