၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ဒိုက်ဦး၌ ကျင်းပ

ဒိုက်ဦး မတ် ၁၄

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော် နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း တို့မှ အသီးသီး ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၅၀) လုပ်ကိုင်သော ကျေးရွာများအတွက် ပြည်ထောင်စု လွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်ကျော်(IPRD)