ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြို့သစ် မတ် ၁၄

မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ စည်ပင်သာယာစျေးကြီး အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများအကြောင်းဖြစ်ပွားနိုင်သည့် အခြေအနေ နှင့် ရောဂါမဖြစ်ပွားမီ ကြိုတင် ကာကွယ် ရမည့် အချက်များကို ရှင်းလင်း ပြောကြားပြီးကြက်ခြေနီ အဖွဲ့ကကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာ ပေးဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  မြို့သစ်မြို့နယ်အတွင်း အပတ်စဉ်စျေးနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံမှသိရသည်။   

သန်းဝင်းထွန်း(ပြန်ဆက်)