ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည် တူးဖော်

ရန်ကုန် မတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေကန်ကြီးသည်  အလျား  ၃၇၅ ပေ၊ အနံ ၁၆၅ ပေ၊ အမြင့် ၁၃ ပေခန့် ရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများမှ သောက်သုံးရေအတွက် အဓိအားထား သုံးစွဲလျက်ရှိခြင်းကြောင့် မိုးရာသီ၌ ရေသိုလှောင်နိုင်ရန်အတွက် ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)