သနပ်ပင်မြို့နယ်တွင် Coivd-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) ၁၅၀၀ အခမဲ့ဖြန့်ဝေ

သနပ်ပင်  စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  Covid-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စံကြည် ဦးဆောင်၍ မြန်မာ့နိုင်ငံပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း (သနပ်ပင်) တို့က စက်တက်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က Mask ၁၅၀၀ ကို စတင်ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဖြန့်ဝေပေးရာတွင် မြို့နယ်အတွင်း လူစည်းကာရာ နေရာများဖြစ်သော မြို့မစျေး၊ စျေးတံတားထီပ်၊ ဉာဏ်ဆောင်း စတိုးဆိုင်၊ သားငါးဆိုင်များ၊ ကုန်ဆုံဆိုင်သို့ လာရောက် စျေးရောင်း စျေးဝယ်ပြုလုပ်နေသော ပြည်သူများအား  ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား လက်ကိုင်စပီကာများဖြင့်လိုက်လံ သတိပေး နှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်လာသူများ Mask ကိုစနစ်တကျ တပ်ဆင် ပေးခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်လာခြင်း၊ ယခုအခါတွင် မြန်မာနိုင်ငံတွင်  ရောဂါပိုးကူးဆက်မှု ပိုမိုများလာ သည့် အတွက် မလိုအပ်ပဲ အိမ်အပြင်မထွက်ဖို့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပေးကြရန် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း(သနပ်ပင်)မှ တာဝန်ရှိသူတို့က  သတိပေး နှိုးဆော် ခဲ့ကြကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)