ကျောက်တံခါး စက်တင်ဘာ ၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့နှင့် တောင်ခင်ကျေးရွာ ပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍ Mask တပ်ဆင်သွားလာရေးနှင့် ကာကွယ်ရေး အသိပညာ ပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို မြို့ပေါ်ရပ်ကွက်များ၊ စျေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် ယနေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရန်၊ အပြင်ထွက်တိုင်း Mask ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးများ သည့်နေရာများသို့ သွားလာနေထိုင်ခြင်းများမပြုလုပ်ကြရန်၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများကို Mask အခမဲ့ တပ်ဆင်ပေးပြီး အပြင်ထွက်တိုင်း Mask တပ်ဆင်ပြီးမှ သွားလာကြရန် ပညာပေး ပြောကြားခြင်း၊ လက်သန့်ဆေးဖြန်းပေးခြင်း၊ လက်လမ်းစာ စောင်များ အခမဲ့ ဖြန့်ဝေခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
စန်းစန်း(ပြန်/ဆက်)