ကြည့်မြင်တိုင်မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအား ပြည်သူများသိရှိနိုင်​ရေးနှိုး​ဆော်ခြင်းနှင့် စစ်​ဆေးအ​ရေးယူခြင်းများ​ဆောင်ရွက်

ကြည့်မြင်တိုင် စက်တင်ဘာ ၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအားအထောက် အကူပြုနိုင်ရေးအတွက်  ညမထွက်ရ အမိန့် အား ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများသိရှိလိုက်နာ စေရန်ရည်ရွယ်၍ ယမန်နေ့ညအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ မြို့နယ်အတွင်း ည (၁၂:၀၀) မှ နံနက် (၀၄:၀၀) နာရီအချိန်ထိ သတ်မှတ်နယ်နမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် မြို့ပေါ်ရပ်ကွက်များ၌ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ပြီးနောက် ညမထွက်ရအမိန့်​ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာဥပ​ဒေပုဒ်မ (၁၈၈)ဖြင့် အ​ရေးယူ​ဆောင်ရွက်မည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်အတွင်း နယ်မြေ​လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့်ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်​ကြောင်းသိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)