Covid-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သည့်သူများအား နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍(NHL)အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့

ဝေါ စက်တင်ဘာလ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ဖိုးဦးစိန်တိုက်နယ်ဆေးရုံ Facility Quarantine တွင်ထားရှိသည့် ရခိုင်ပြည်နယ်မှ ပြန်လာသူ(၁၁) ဦးအား Covid-19 ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲစစ်ဆေး နိုင်ရန်အတွက်၎င်းတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင် တို့ဖတ် နမူနာများကို (၁-၉-၂၀၂၀) ရက်နေ့တွင် ရယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) ရန်ကုန်မြို့သို့ ပေးပို့စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်မှပြန်လာသူ(၁၁)ဦး အနက်ပိုးတွေ့ လူနာ(၅)ဦးတွေ့ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေငြာချက်အရသိရသည်။

Covid-19 ပိုးတွေ့လူနာ(၅)ဦးနှင့် (Covid-19 Negative)(၂)လနှင့်(၁၆)ရက်သား အရွယ်ကလေး(၁) ဦးအား(၂-၉-၂၀၂၀) ရက်နေ့တွင် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ယာယီဆေးရုံ-ကလိ)သို့ ကုသမှုခံယူနိုင်ရန် လွှဲပြောင်းပေးပို့ခဲ့ပြီး ပိုးတွေ့ လူနာများနှင့် ထိတွေ့ခဲ့သူ(Closed Contact) (၃၂) ဦးရှိသည့်အနက် Case No.891 နှင့်ထိတွေ့ခဲ့သူ (၇)ဦးကို ဖိုးဦးစိန် တိုက်နယ်ဆေးရုံ(FQ)တွင်လည်းကောင်း၊ Case No.898,899နှင့် ထိတွေ့ခဲ့သူ(၁၀)ဦးကို အထက (အဗျား ငှက်ချေးဝင်း (FQ)တွင် လည်းကောင်း၊ Case No.892,890 နှင့်ထိတွေ့ခဲ့သူ (၁၅)ဦးကို ညောင်ခါးရှည် တိုက်နယ်ဆေးရုံ (FQ) တွင်လည်းကောင်းထားရှိပြီး (၂-၉-၂၀၂၀) ရက်နေ့တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုရာဌာန(NHL)ရန်ကုန်မြို့သို့ပေးပို့ထားကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)