ရန်ကုန် စက်တင်ဘာ ၃
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်း ဒေသ ကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်း မြို့နယ်ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူ များ သိရှိလေ့လာနိုင်စေရန် ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က)တို့ဖြင့်ကပ်ထားကြေညာပေးလျက် ရှိ ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင်၊ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိသည့်အနက် မဲရုံပေါင်း (၆၅)ရုံရှိပြီး ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာချိန်၌ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၆၀၄၃၅)ဦးရှိရာ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာအတွက်
(၅ )ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅ ) ဦး၊ တိုင်းဒေသ ကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ( ၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)နေရာ အတွက် (၆ )ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၇)ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး)နေရာအတွက် (၃)ဦး စုစုပေါင်း(၃၁)ဦးနှင့်ပါတီပေါင်း(၁၀)ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည်ဖြစ်ကြောင်းသိရှိရှိသည်။
အောင်မြင့်(ပြန်/ဆက်)