မိုးညို စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များသို့ သွားရောက် ၍ စာကြည့်တိုက်များရှင်သန်ရေး ဆွေးနွေးခြင်းနှင့်စာအုပ်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီကကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာရှိ အလင်းရောင်စာကြည့်တိုက်တွင် စာကြည့်တိုက်ကော်မတီ၀င်များနှင့်တွေ့ဆုံ၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက စာကြည့်တိုက်များ ရှင်သန်ရေး၊ စာကြည့်တိုက်တွင် စာအုပ်/စာစောင်များ စုဆောင်း ထားရှိမှု၊ စာအုပ်များ တိုးပွားရေးအတွက် ကော်မတီ၀င်များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စာကြည့်တိုက်ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်း၀န်း ဆောင်ရွက်ပေးကြရန်တို့အား ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးသန်းအောင်က စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျတ်ထားရှိသည့် မဂ္ဂဇင်း/ဂျာနယ်များအား လှူဒါန်းခဲ့ရာ စာကြည့်တိုက်ကော်မတီ၀င်များမှ လက်ခံရယူခဲ့သည်၊ ဆက်လက်၍ ကျားကျွန်း ကျေးရွာရှိ သုခမိန် စာကြည့်တိုက်၊ ဆင်ကျွန်းကျေးရွာရှိ ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ စာကြည့်တိုက်ကော် မတီ၀င်များနှင့် တွေ့ဆုံပြီး စာကြည့်တိုက် ဆိုင်ရာ များအား ဆွေးနွေး ကာ စာအုပ်/စာစောင်များ လှူဒါန်း ခဲ့ကြောင်းသိရသည်။
ကိုမင်း(မိုးညို)