ကျောက်တံတား စက်တင်ဘာ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်အတွင်းနေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေးကုစားမှု အစီအစဉ် အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်တိုင်းကို ထောက်ပံ့ခြင်း တစ်ကြိမ်တည်း ၃၀၀၀၀(ကျပ်သုံးသောင်းတိတိ)ထောက်ပံ့ရန်အတွက်(Ngwe Bike) Application ကို Downloand ဆွဲ၍ စာရင်း သွင်း ဝန်ဆောင်မှု ကို ယနေ့ နံနက်ပိုင်းက အမှတ်(၇) (၈)(၉))ရပ်ကွက်များ တွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ Ngwe Bike Application စာရင်းသွင်းဝန်ဆောင်မှုများကို သြဂုတ်လ (၁၁)ရက်နေ့မှစတင်ကာ ရပ်ကွက်များ အလိုက်ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိပြီး စက်တင်ဘာလ(၁၅)ရက်နေ့ထိဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ရာ လာရောက်စာရင်းပေးသွင်းချိန်တွင် ကိုယ်ဝန်ဆောင် မှတ်တမ်းစာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေးလိုက်သည့်ဆေးမှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် လက်ကိုင် ဖုန်း များကိုပါ အတူတကွယူဆောင်လာရန် လိုအပ်ကြောင်းသိရှိရသည်။
ဇင်မျိုးသူ ( ပြန်/ဆက်)