ဖြူး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအရေးပေါ် တုံ့ပြန်ရေးကော်မတီမှ VICTORY အရက်ချက် စက်ရုံအား စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၁၀) နာရီအချိန်၌ စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ VICTORY အရက်ချက်စက်ရုံမှာ အလုပ်သမား(၂၄၇)ဦးရှိပြီး ဖြူးမြို့နယ်တွင်အလုပ်သမား အများဆုံးရှိသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် စက်ရုံများတွင်ဆောင်ရွက် ထားရမည့် အချက် များနှင့် ညီညွတ်မှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင်စက်ရုံများဆောင်ရွက် ထားရမည့် အချက်များနှင့် ညီညွတ်မှုရှိ စေရန်နှင့် အလုပ်သမားများပြားသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသည်အလွန်အရေးပါသည့်အတွက် စက်ရုံမှတာဝန်ရှိသူ အဆင့်ဆင့်ကကြပ်ကြပ်မတ်မတ်ဆောင် ရွက်ပေးစေလိုကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဖြိုးဝေဝင်း မှာကြားခဲ့ကြောင်း သိရသည်။
မနွယ်(ဖြူး)