တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ငူ  စက်တင်ဘာ ၃

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပြည်သူများထံ အသိပညာ ဗဟုသုတ ရရှိ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်က ကျေးတော ၊ မဟင် ၊ အိုင်သုံးဆင့်  ကျေးရွာ၌ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉ ‌ကြိုတင် ကာကွယ်‌ရေး အသိပညာ‌ပေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြောင်း‌ သိရသည်။

အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာ၌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော လမ်းညွှန်ချက်များအား ပြည်သူများသိရှိစေ ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား  ကျေးလက်နေပြည်သူများ သိရှိနိုင်စေရေး အသံချဲ့ စက်ဖြင့် ကြေညာခြင်း၊ နံရံကပ်ပိုစတာများ ပြသခြင်းများနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်း လုပ်ငန်း များ ဆောင်ရွက် ခဲ့ကြ‌ကြောင်းသိရပြီး အများပြည်သူများ သိရှိနိုင်စေရန် လူစည်ကားရာ နေရာများနှင့်ရပ်ကွက် ကျေးရွာများအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်နေကြောင်းသိရသည်။

ဇော်ထက် (တောင်ငူ)