ကမာရွတ် စက်တင်ဘာ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အဖြစ်နှာခေါင်းစည်းများအခမဲ့ဖြန့် ဝေခြင်းကို လှည်းတန်းလမ်း၊ လှည်းတန်းဈေး နှင့်လူစည်ကား နေရာများတွင် ယနေ့ နံနက် (၈:၀၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု မြို့နယ် COVID-19 ကော်မတီ ဥက္ကဌမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ နှင့်လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား(၅၀)ဦးခန့်မှ COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ (Masks-၂၅၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လူစုလူဝေးနေရာများ အားရှောင်ကျဉ်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြရန် အသိပညာပေးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုများနှင့် အညီနေထိုင်သွား လာစေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းစဉ်ဆက်မပြတ်အသိပညာပေး နှိုးဆော်ပေး လျက်ရှိကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)