ကျွန်းလှ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အားသာချက်၊အားနည်းချက် ရှိခဲ့သော်လည်း အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ ယခုဆဋ္ဌမနှစ်စက်ဝန်းတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၅၈)အား ငွေကျပ် (၁၃၂)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၆၂)ဦးအား ငွေကျပ်(၅၀၈)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ တစ်ဦးအား ငွေကျပ်နှစ်သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ(၄)ဦးအား ငွေကျပ် (၈)သိန်း စုစုပေါင်း(၃၂၅)ဦး ကို ငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မာမာချိုကပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်က စတင်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ(၁၅)ယူနှစ်၊ ကျေးရွာ(၁၈) ရွာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို- ကျွန်းလှ