ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်၊ ဒုတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ မြို့နယ်စည်ပင် သာယာကော်မတီဥက္ကဋ္ဌ ဦးအေးမင်းနှင့် အဖွဲ့ဝင်များတို့သည် သင်္ဃန်းကျွန်းမြို့နယ် ရတနာစျေးနှင့် လေးဒေါင့်ကန်စျေး (ဘဝမြှင့်) များသို့ သွားရောက်၍ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူအများမြင်သာသည့် နေရာများတွင် ပိုစတာများ ကပ်ခြင်း၊ ဈေးအတွင်း လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေး ဟောပြောခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပြီး YBS ခရီးသည်တင်ယာဉ်များပေါ်သို့ ခရီးသည်များ ကားပေါ် အတက်အဆင်းပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် i-clean ကုမ္ပဏီမှလှူဒါန်းသော လက်သန့်ဆေးရည်ဗူးများကိုလည်း ထားရှိပေးခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း