ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း( စတုတ္ထနှစ်စက်ဝန်း) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

တံတား   မတ်  ၁၄

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ တံတားမြို့အတွင်း ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင် ရွက်ရန်  ဦးစားပေးလျာထားသည့် စီမံကိန်းလုပ်ငန်းခွဲများအား  ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ  ဇင်ပြွန်းကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်  ဦးစားပေးလျာထားသည့် ချောင်း Profile  ကွင်းဆင်းတိုင်းတာပြီး ဇီးဖြူပင်ကျေးရွာတွင် ပြည်သူများနှင့်တွေ့ဆုံပြီး လုပ်သားအစည်းအဝေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်၊ လက်ထောက်နည်းပညာမှူး ဒေါ်ယွန်းမြင့်သူအောင်အောင်၊ ဒေါ်လင်းဆန်နီထွန်း၊ လူထုစည်းရုံးရေးမှူး ဒေါ်ဝေဝေလှိုင်နှင့် ဦးထွန်းထွန်းလှိုင်တို့သည် ပန်းချောင်းကျေးရွာတွင် စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)