ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page ၏ “ဉာဏ်စမ်းပ​ဟေဠိ အ​ဖြေညှိ” အစီအစဉ်ဖြင့် ဆောင်ရွက်

​ကျောက်တံတား စက်တင်ဘာ ၄

​ကျောက်တံတားမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနသည် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွား​နေသည့် ကာလအတွင်း အများ ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတ ရရှိ​စေမည့် အစီအစဉ်ကောင်းများကို ​ကျောက်တံတားမြို့နယ် ပြည်သူ့ စာကြည့် တိုက် Facebook Page တွင်” အွန်လိုင်းအသိပညာ​ပေး အစီအစဉ်များ”အဖြစ်​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များတွင် “အပတ်စဉ် စ​နေ​​နေ့တိုင်း ပုံ​ပြောပြမယ် နား​ထောင်ကွယ်” အစီအစဉ်၊ အပတ်စဉ် သောကြာ​​နေ့နှင့် စ​နေ​နေ့များတွင် “အကြိုက်ဆုံးစာအုပ်များ ကဏ္ဍ” အစီအစဉ်၊ ကြာသပ​တေး​​နေ့တိုင်း “ ဉာဏ်စမ်းပ​ဟေဠိ အ​ဖြေညှိ” အစီအစဉ်များနှင့် စာ​ပေဗဟုသုတဆိုင်ရာ အ​စီအစဉ်များ ပါဝင်ပြီး ‘ပုံ​ပြောပြမယ်နား​ထောင်ကွယ်’ အစီအစဉ်နှင့် ဉာဏ်စမ်းပ​ဟေဠိအ​ဖြေညှိ အစီအစဉ် များတွင် အဖြေမှန်သူများအား အမှတ်တရ လက်​ဆောင်များ ​ပေးအပ်လျက်ရှိပြီး မည်သူမဆို ပါဝင်​ဖြေဆိုနိုင်​ကြောင်း သိရသည်။

​ရွှေနန်း​မေ