ဒဂုံမြို့နယ် ယောမင်းကြီးဈေး၌ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး  နှာခေါင်းစည်း Mask  အခုရေ  (၂၅၀)အခမဲ့ဖြန့်ဝေ

ဒဂုံ       စက်တင်ဘာ    

ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း   ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်  အသိပညာ ပေး  Mask  Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်၉ နာရီက  ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်  ယောမင်းကြီး ရပ်ကွက်ဈေး၌  မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် မြို့နယ်ဌာနဆိုင်ရာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော် မတီအဖွဲ့ဝင်များကဆောင်ရွက်ကြောင်း သိရသည်။

ယင်းသို့ Mask Campaign ဆောင်ရွက်ပေးခြင်းသည်  ပြည်တွင်းကူးစက်မှုပိုမိုများပြားလာသည့် အတွက် ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် တစ်ဦးမှတစ်ဦးသို့ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရန်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အသိပညာပေးလက်ကမ်းစာစောင်  ဖြန့်ဝေပေးခြင်းအပြင်  Mask   Campaign အနေဖြင့် ပြည်သူများသို့မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှMaskအခုရေ(၁၀၀)နှင့် မြို့နယ်ကျန်းမာရေးဌာန မှ အခုရေ(၁၅၀) အား အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)