မင်းတုန်း မတ် ၁၃
သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်တို့မှ အမှာစကား ပြောကြား ကြသည်။ ထို့နောက် လယ်ကြီးဒေါင့်၊ မှန် (ရွာမ)၊ တလုတ်ပင်နှင့် အင်းဗျက်ကျေးရွာတို့အား (VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီအား လွှဲပြောင်း ပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ယခုစီမံကိန်း ကျေးရွာများမှာ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘက်စုံသုံးခန်းမ (၃) ခုနှင့် ရေပေးဝေရေး လုပ်ငန်းတစ်ခုတို့ အကောင်အထည်ဖော် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)