ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page ၏ ဉာဏ်စမ်းပ​ဟေဠိ အစီအစဉ်များအတွက် လက်​ဆောင်ပစ္စည်းများ လာရောက်လှူဒါန်းပေး

ကျောက်တံတား စက်တင်ဘာ ၄

ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိ​စေရန်အတွက် စာကြည့်တိုက်များတွင် စာအုပ်များ အခမဲ့ဖတ်ရှုငှားရမ်း​ပေးခြင်း၊ အထိမ်းအမှတ်​နေ့များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါန သင်တန်းများ ဖွင့်လှစ်​ပေးခြင်းတို့ကို​ဆောင်ရွက်​ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ မိမိအိမ် မှပင် အသိပညာဗဟုသုတရရှိ​​စေသည့် “အွန်လိုင်း အသိပညာ​ပေးအစီအစဉ်” များကို ​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိသည်။

အဆိုပါအစီအစဉ်များမှ အပတ်စဉ် ကြာသပ​တေး​နေ့တိုင်း တင်ဆက်​ပေးလျက်ရှိသည့် “ဉာဏ်စမ်းပ​ဟေဠိအ​ဖြေညှိ” အစီအစဉ်တွင် အ​ဖြေမှန်သူများအား အမှတ်တရလက်​ဆောင်များ​ ပေးအပ်လျက်ရှိရာ ပြည်သူများ ဗဟုသုတရရှိ​စေသည့် ထိုအစီအစဉ်အတွက် အမှတ် တရ လက်​ဆောင်များ​ပေးအပ်နိုင်ရန် အတွက်  “ Biogecs’’ မှ ယ​နေ့​ နံနက်ပိုင်းက  ​ကျောက်တံတားမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပညာ့အလင်း​ ခေတ်မီစာကြည့်တိုက်သို့ လာရောက် လှူဒါန်း​ပေးခဲ့​ကြောင်း သိရသည်။

ရွှေနန်းမေ