၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တောင်တွင်းကြီးမြို့နယ် စာစစ်ဌာန (၁၁) ခု၌ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၈၂၁) ဦး ဖြေဆို

တောင်တွင်းကြီး မတ် ၁၃

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက နိုင်ငံတစ်ဝန်း စာဖြေဌာနများတွင် သင်္ချာဘာသာရပ်အား တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စာဖြေဌာန (၁၁) ခုရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၀၉၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၈၂၁) ဦး ဖြေဆိုရန် ပျက်ကွက်သူ (၂၆၉) ဦး၊ ဖြေဆိုသည့်ရာခိုင်နုန်းမှာ (၉၅•၅၈) ရာခိုင်နုန်းရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေး၊ လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးများ ဆောင်ရွက်ထားရှိမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့များဖွဲ့၍ လှည့်လည်စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောက်ရွက်ပေးကြကြောင်းသိရသည်။

နိုင်ဝင်း(တောင်တွင်းကြီး)