ဆင်ပေါင်ဝဲမြို့၌ ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေး ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ     မတ်   ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။

ဆက်လက်၍ ဆင်ပေါင်ဝဲမြို့နယ် ဆရာဝန်ကြီးမှ ဆင်ပေါင်ဝဲမြို့၏ HIV / AIDS ရောဂါဖြစ်ပွားမှု အခြေအနေအား ရှင်းလင်းပြောကြားပြီး  ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက် (မကွေး)မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဝင်းမင်းသန့်က အေအာတီ ဆင့်ပွားဆေးကုဌာန (ART DC Site) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဝန်ဆောင်မှုများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ၊ ဒု - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း (ပြန်/ဆက်)