ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက် အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ရရှိရန် ဆောင်ရွက်ပေး

ထန်းတပင် (ပဲခူးစက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင်  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ရပ်ကွက် အုပ်ချုပ်ရေးမှူး  တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ပေးနိုင်ရန် အတွက် ငွေဗိုက် (Application) ပြုလုပ် နည်း စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းတို့ကို ထန်းတပင်မြို့ သီရီ ရတနာ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌ ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်ဩဂုတ်လ () ရက်နေ့မှ၎င်းရက်နေ့နောက် ပိုင်းမွေးဖွားသည့်မိခင်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်းနိုင်ငံတော် အစိုးရ မှပြည်သူ များ၏လူမှုစီးပွားဘဝများအပေါ်သက်ရောက်မှုများ အား လျော့ပါးသက်သာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း ဦးစီးဌာနက ငွေကျပ်(၃၀၀၀၀/) ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့်  လူမှုဝန်ထမ်းဦးစီး ဌာနများမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ  စာရင်း ရေးသွင်းသည့် ကာလအား ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၅)ရက်နေ့  အထိ သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပေးထားသော ကျန်းမာ ရေးစောင့်ရှောက်မှု မှတ်တမ်း၊ နိုင်ငံသာစိစစ်ရေးကတ်ပြား၊ သန်းခေါင်စာရင်းနှင့် မိမိတို့အမြဲတမ်းအသုံး ပြုလျက်ရှိသော   ဖုန်းနံပါတ်၊  ကလေးမွေးဖွားပြီး မိခင်ဖြစ်ပါက မွေးစာရင်းတို့အား ယူဆောင်လာရမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)