ဖြူးမြို့နယ်အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများလှူဒါန်း

ဖြူး  စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီ၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှအခြေခံ ပညာကျောင်းများသို့ အားကစားပစ္စည်းများ လှူဒါန်းခြင်းကိုစက်တင်ဘာလ ()ရက်ညနေ()နာရီတွင် ..က()ကျောင်း၊ စပယ်ဆောင် ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်က ခန္ဓာကိုယ်ကျန်းမာရေးသည် လူတစ်ဦး တစ်ယောက်တိုင်း အတွက် အလွန်အရေး ကြီးပါကြောင်း၊ ကျောင်းသား/သူများအတွက် ကျောင်းစာ အပြင် အားကစားတစ်ခုခုကို စိတ်ပါ ဝင်စားစွာ ပြုလုပ်နေခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ခြင်းနှင့် ဉာဏစွမ်းအားတိုးတက်စေမည်ဖြစ်ပါကြောင်းနှင့် အားကစား ပစ္စည်းများ လှူဒါန်းပေးသော  မြို့နယ် အားကာဦးစီးဌာန ကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကာဦးစီးမှူးဒေါ်သိမ့်သိမ့်မိုးမှ အားကစားဆောင်ရွက်ခြင်းဖြင့် ကျန်းမာခြင်း၊ ဉာဏ်ပညာ ဖွံ့ဖြိုး စေခြင်းများ ရှိသည့်အတွက် အားကစားကိုငယ်ရွယ်စဉ်မှစတင်၍ ဆောင်ရွက် သင့်ကြောင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်နှင့်အညီ ကျန်းမာရေး ကိုအထူးဂရုစိုက်သင့် ကြောင်းပြောကြားခဲ့ပြီး အခြေခံပညာ အထက် တန်းကျောင်း()အတွက် တစ်ကျောင်းလျှင် ဘော်လီဘော()လုံး၊ ဘောလုံး() လုံး၊ပိုက်ကျော် ခြင်း()လုံး၊ပိုက်၊ ပေကြိုး၊ ခရာကိုလှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ကြီး များကလက်ခံရယူခဲ့ပါသည်။

အဆိုပါ အားကစားပစ္စည်းလှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ..က()ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူနှင့် တာဝန်ရှိဆရာ/ ဆရာမ များတက်ရောက်ခဲ့ကြ ကြောင်း သိရပါသည်။

ဖြူး(ပြန်/ဆက်)