ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ကူညီဆောင်ရွက်ပေးနေသော ဌာနဆိုင်ရာ ဝန်ထမ်းများအားဂုဏ်ပြု ဆုများချီးမြှင့်

ပဲခူး စက်တင်ဘာ ၄ 

ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀) နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ မဲစာရင်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးသောဌာနဆိုင်ရာ ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းသိန်းက အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဦးဝင်းနိုင်က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကသင်ကြားရေး အဖွဲ့များဖွဲ့စည်းကြပြီး ကော်မရှင်အဖွဲ့ခွဲ ငွေစာရင်းများကို ဒုတိယ ဦးစီးမှူး ဒေါ်ဝါဝါစိုးက ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးသို့ ဌာနဆိုင်ရာများမှ အကူအညီပေးခဲ့ကြသည့် ဝန်ထမ်းများအား မြို့နယ်ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးမြို့နယ် အတွင်းရှိကျေးရွာများမှ ကော်မရှင်အဖွဲ့တွင်ပါဝင်သောသူများအား ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးရန် အဖွဲ့(၃)ဖွဲ့ ထားရှိပြီး စက်တင်ဘာလ (၁၂)ရက်နေ့ တွင်စတင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ဟိန်းထက်(ပဲခူး)