မြဝတီ မေ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး/အဘွားများအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က မြဝတီမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး/အဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ကြေးငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အိမ်တိုင်ရာရောက် တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ကြေးငွေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်ထံသို့ လွှဲပြောင်းပေးအပ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း အသီးသီးပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်အထက်အဘိုး (၈၅) ဦးနှင့် အဘွား(၁၆၆)ဦး စုစုပေါင်း (၂၅၁)ဦးအတွက် ငွေကျပ်(၇,၅၃၀,၀၀ဝိ/-)ကို တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လများအတွက် ငွေကျပ်(၃၀၀၀ဝိ/-)ကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)