သာယာဝတီ စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊သာယာဝတီ မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မဲဆန္ဒရှင် စာရင်းကိစ္စများ၊ မဲရုံလျာထား ဆောင်ရွက်ထားရှိမှုများ၊ မဲရုံများ အတွက် မဲရုံမှူးနှင့် အခြားဝန်ထမ်းများ ကြိုတင်လျာထားရန်ကိစ္စများ၊ သင်တန်းများ ဖွင့်လှစ်ရန် ကိစ္စများ၊ ရွေးကောက် ပွဲတွင် အသုံးပြုရမည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်း ထားရန်ကိစ္စများနှင့် မဲဆန္ဒရှင်စာရင်းတွင် လိုအပ်နေသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်များ အချိန်မီ ဖြည့်သွင်း ရန် ကိစ္စများတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)