ပခုက္ကူ မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က သင်တန်းဆင်း အမှားစကားပြောကြားပြီး အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) တွင် ထူးချွန်ဆုရရှိသူ မမိုးကေခိုင်အား ထူးချွန်ဆု ချီးမြှင့်သည်။ ဆက်လက်၍ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က သင်တန်းဆင်း အောင်လက်မှတ်အား ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၃) ရက်အထိ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်နည်း ဘာသာရပ်များကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြား ပေးခဲ့ရာ သင်တန်းသူ (၅၀) ဦး တက်ရောက်သည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း(၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ပြီး စုစုပေါင်း သင်တန်းဆင်းအင်အား (၁၉၁၀) ဦးရှိကြောင်း၊ သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်ထိ သင်တန်းဆင်းအရေအတွက် (၈၉၈၉၆) ရှိပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သူ (၄၀၄၉၆) ရှိရာ (၄၅) ရာခိုင်နှုန်းအထိ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီ ဖြစ်ကြောင်းနှင့် ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင်လည်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲများ ကျင်းပ လျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး